Monday, November 19, 2007

Aung San Suu Kyi's third time meeting with SPDC's representer

ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖ ဆက်ဆံရေးဝန်ကြီး ထပ်မံတွေ့ဆုံ
NEJ/ ၂၀ နိုဝင်ဘာ ၂၀၀၇



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်
နအဖဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ တတိယအကြိမ်မြောက်တွေ့ဆုံကြောင်း
ယနေ့ထုတ် နအဖ စစ်အစိုးရပိုင် သတင်းစာများတွင် ဖော်ပြသည်။

ယမန်နေ့ညနေ (၃) နာရီက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဧည့်ဂေဟာ၌ (၁) နာရီနီးပါး
တွေ့ဆုံခဲ့ကြောင်း သတင်းဓာတ်ပုံနှင့်တကွပါရှိပြီး တွေ့ဆုံမှုနှင့်ပတ်သက်သည့် အသေး
စိတ်အချက်အလက်များကို ရေးသားထားခြင်းမရှိချေ။

ပြီးခဲ့သည့် အောက်တိုဘာ (၈) တွင် နအဖစစ်အစိုးရက ဦးအောင်ကြည်ကို ဆက်ဆံရေး
ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီးနောက် အောက်တိုဘာ (၂၅) တွင် တကြိမ် ၊ နိုဝင်ဘာ (၉) တွင်
တကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးမှု (၂) ကြိမ်ပြုလုပ် ခဲ့ပြီးဖြစ်သည်။

No comments: