Monday, January 14, 2008

bird flu in bangladesh

ဘင်္ဂလားဒေ့ရှ်တွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွား
Reuters / ၁၄ ဇန်န၀ါရီ ၂၀၀၈



ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့မြောက်ဘက်ခရိုင်တခုတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားသဖြင့် ကြက်ကောင်ရေ (၅၀၀) သေဆုံးခဲ့သည်။

ရောဂါဖြစ်သည့်မွေးမြူရေးခြံသည် မြို့တော်ဒါကာနှင့် မိုင် (၁၅၀) ကျော်ဝေးသည့် မော်လာဗီ ဘာဇားခရိုင်အတွင်း တည်ရှိပြီး ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့အတည်ပြုပြောကြားသည်။

အစိုးရမွေးမြူရေးဆိုင်ရာဌာန ဒါရိုက်တာဆလီဟတ်ဒင်ခန်းက “ရောဂါဖြစ်တယ်လို့ သေချာပြီးတဲ့ နောက် ရောဂါဖြစ်တဲ့ခြံရဲ့ (၁) ကီလိုမီတာအတွင်းက ကြက်၊ ဘဲ အကောင် (၈၀၀) လောက်ကို
တာဝန်ရှိတဲ့သူတွေက သတ်လိုက်တယ်” ဟု ပြောသည်။

ကြက်ငှက်တုပ်ကွေးရောဂါအား ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယမန်နှစ် မတ်လအတွင်းက မြို့တော်ဒါကာ အနီး၌ ပထမဆုံးတွေ့ရှိခဲ့ပြီးနောက် နိုင်ငံမြောက်ပိုင်းသို့ အဓိက ပျံ့နှံ့သွားခဲ့သည်။ ယခုအထိ ကြက် ငှက်ပေါင်း (၃၀၀,၀၀၀) ကောင်ကျော်ကို သုတ်သင်ခဲ့ပြီးဖြစ်သည်။

ယခုနောက်ဆုံးဖြစ်ပေါ်မှုအပါအ၀င် နိုင်ငံတွင်းရှိ ခရိုင် (၆၄) ခုအနက် (၂၂) ခုရှိ မွေးမြူရေးခြံပေါင်း (၇၁) ခြံ၌ အဆိုပါရောဂါ ကူးစက်ခဲ့ပြီးဖြစ်သော်လည်း လူသို့ကူးစက်မှုမရှိသေးပေ။

ဘင်္ဂလားဒေ့ရှ်တွင် လူပေါင်း (၄) သန်းခန့် မှီခိုလုပ်ကိုင်နေသော မွေးမြူရေးခြံပေါင်း (၁၅၀,၀၀၀)
ဝန်းကျင်ရှိပြီး နှစ်စဉ် ၀င်ငွေအမေရိကန်ဒေါ်လာသန်း (၇၅၀) ကျော် ရရှိနေသည်။

ယခုလဆန်းပိုင်းကလည်း မြို့တော်ဒါကာရှိ မီရာပူးအရပ်တွင် အဆိုပါရောဂါတွေ့ရှိခဲ့သဖြင့် ကြက်ငှက် (၂၀,၀၀၀) ခန့်ကို သတ်ပစ်ခဲ့ရသည်။

ကြက်ငှက်တုပ်ကွေးရောဂါအား ၂၀၀၃ ခုမှစ၍ ယခုအထိ နိုင်ငံပေါင်း (၁၄) နိုင်ငံတွင် လူကိုကူးစက် ခဲ့ပြီး (၁၂) နိုင်ငံတွင် ရောဂါကူးစက်မှုကြောင့် လူပေါင်း (၂၁၆) ဦး သေဆုံးခဲ့သည်။ ။

No comments: