Monday, January 14, 2008

suhato in serious condition ( Burma prime minister postponed the trip)

အင်ဒိုနီးရှားသို့ မြန်မာဝန်ကြီးချုပ်သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်း
AFP/Javno ၁၄ ဇန်န၀ါရီ ၂၀၀၈



မြန်မာဝန်ကြီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး သိန်းစိန် ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်လည်ပတ်မည့် ခရီးစဉ်ကို မြန်မာစစ်အစိုးရနှင့် အင်ဒိုနီးရှားအစိုးရတို့က ရွှေ့ဆိုင်းရန် သဘောတူလိုက်သည်။

အင်ဒိုနီးရှားသမ္မဟောင်း ဆူဟာတို၏ ကျန်းမာရေးဆိုးဝါးလာမှုကြောင့် အဆိုပါခရီးစဉ်ကို ရွှေ့ဆိုင်း လိုက်ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ်က ယမန်နေ့တွင် ပြောသည်။

ဆူဟာတိုသည် ပြီးခဲ့သည့်သောကြာနေ့တွင် ကိုယ်အင်္ဂါအစိတ်အပိုင်း လှုပ်ရှားမှုအားလုံး ယိုယွင်း လာနေပြီး ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာသဖြင့် ဆေးရုံတင်ထားရသည်။

ယင်းအချိန်တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အင်ဒိုနီးရှားဝန်ကြီးချုပ် ဆူဆီလို ဘမ်းဘန် ယူဒိုယိုနိုက ၎င်း၏ခရီးစဉ်ကို ရုတ်တရက်ရပ်ဆိုင်းခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသို့ အလျင်အမြန် ပြန်လာခဲ့သည်။

ဆူဆီလိုဘမ်းဘန်က ယင်းအခြေအနေနှင့်ပတ်သက်၍  ဆွေးနွေးရန် အင်ဒိုနီးရှား အစိုးရအဖွဲ့
ဝန်ကြီးများနှင့် အစည်းအဝေးတရပ် ချက်ချင်းခေါ်ယူခဲ့သည်။

မြန်မာဝန်ကြီးချုပ်သိန်းစိန်၏ အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်လည်ပတ်မည့်ခရီးစဉ်သည် အဓိက အားဖြင့် နှစ်နိုင်ငံ စီးပွားရေးဆက်သွယ်မှု တိုးမြှင့်ရန်ဖြစ်ကြောင်း သမ္မတ၏ပြောခွင့်ရပုဂ္ဂိုလ် ဒိုင်နိုပတ်တီဒီဂျာလာက ပြောသည်။

မြန်မာအစိုးရနှင့် ညှိနှိုင်းတိုင်ပင်မှု ပြုလုပ်ခဲ့ပြီးနောက် မြန်မာဝန်ကြီးချုပ်၏ခရီးစဉ်ကို ရွှေ့ဆိုင်းရန် သဘောတူညီမှုရရှိခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုလက်ရှိတွင် ယင်းခရီးစဉ်အတွက် အာရုံ မစိုက်နိုင်သေးကြောင်း၊ နှစ်နိုင်ငံစလုံးက အဆင်ပြေမည့်အချိန်တွင် ရွှေ့ဆိုင်းထားသည့်ရီးစဉ်ကို ပြန်လည်စီစဉ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အသက် (၈၆) နှစ်အရွယ်ရှိ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်ခဲ့သည့် သမ္မတဟောင်း ဆူဟာတိုသည်
၁၉၆၇ ခု၊ သမ္မတ ဆူကာနိုလက်ထက်တွင် အာဏာသိမ်းယူခဲ့သည်။

၎င်းသည် ၁၉၉၈ ခုတွင် နိုင်ငံတ၀န်းဆန္ဒပြလှုပ်ရှားမှုကြောင့် ရာထူးမှ ဆင်းပေးခဲ့ရပြီး အမေရိကန် ဒေါ်လာ သန်းပေါင်း ရာနှင့်ချီသောလာဘ်စားမှုဖြင့် တရားစွဲခံခဲ့ရသည်။

သို့သော် သမ္မဟောင်း ဆူဟာတို၏ ဆိုးဝါးနေသည့် ကျန်းမာရေးအခြေအနေကြောင့် အင်ဒိုနီးရှား အစိုးရက အမှုကို ရုပ်သိမ်းပေးခဲ့သည်။ ။

No comments: